Friday, 9 March 2012

ရေပေါ်ဝေ့တဲ့ဆီ သို့မဟုတ် ကြီးတော်နှင့် ဗုးတောင်းများ ရေပေါ်ပေါ်ခြင်း

From;မောင်ကျောက်ခဲ
ကောသလမင်းကြီးရဲ့ အိမ်မက်ကတော့ မှန်နေပြီဗျာ...။
ချစ်သူများနေ့ မှာ ဟိုတယ်လာအိပ်တဲ့ စုံတွဲတွေရဲ့ တဝက်က ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်တွေ
ဒန်ကျွဲပင်တွေ ပုခက်လွှဲတော့မယ်...။
အခုလည်း ကျောက်ဖြာတွေ ရေနှစ်လို့ ဗူးတောင်းတွေ ရေပေါ်ပေါ်လာပြီ...။
ဘယ်သူကိုပြောချင်တာလည်း..ဟုတ်စ..
ထုံးစံအတိုင်းပေါ့..ကြီးတော်တစ်ယောက်နဲ့ အပေါင်းအပါတွေပေါ့ဗျာ...။
အလီဘာဘာနဲ့ ခိုးသားလေးဆယ်တော့ မဟုတ်ဘူး...။

ကလေးတွေကအစ ချစ်သတဲ့...သူတို့လေးတွေ ဆန္ဒနဲ့ကို ထွက်ကြိုသတဲ့...။
ကြည့်ကြပ် ဖား ပေါ့ဗျာ...။
ခင်ဗျား တို့ပဲ...ဗိုလ်ချူပ် သမိုင်းကိုဖျောက်ထားလို့ အခုခေတ်ကလေးတွေ ဗိုလ်ချူပ်အကြောင်းမသိ
တော့ဘူး လို့ ဆိုတာပါလား...။ဗိုလ် ဆိုတဲ့ အနက် ကိုတောင် မပြန်ဆိုတတ်တဲ့ သွေးသားရင်းတစ်
ယောက် ကိုကျတော့ တီးလိုက်တဲ့ လက်ခုပ်တွေ...တောမီးလောင်နေချိန် ပေါက်တဲ့ ဝါးဆစ်ပိုင်းများလို
ဟိုနေရာ တဗြောင်းဗြောင်း ဒီနေရာ တဖောင်းဖောင်းနဲ့ အစီအစဉ်ကို မကျဘူး...။
ခင်ဗျားတို့ ဆိုသလို ဗိုလ်ချူပ်အကြောင်းမသိတဲ့ ကလေးတွေက ကြီးတော်ကို ဗိုလ်ချူပ်သမီးမှန်း သိတယ်
ဆိုတာကြီးကတော့ သိပ်အထာမကျဘူး ဖြစ်နေတယ်...။




ကမ္ဘာ့သမိုင်းတောက်လျှောက် ကြိုဆိုရေးဆိုတာနဲ့ ကလေးတွေကို ရိုးရာဝတ်စုံတွေနဲ့ ကြိုဆိုမှူလုပ်ကြတာ
နှစ်မှမနည်းတော့ကိုးဗျ...။ဘယ်ကလေးကမှ ဒီလူဘာတွေလုပ်နေလို့ ဘာကြောင့်ကြိုရတယ်ဆိုတာ ကောင်း
ကောင်းရော သိလို့လား...။ မိဘတွေနဲ့ ကြီးကြပ်အုပ်ထိန်းသူ တွေ ဆင်ယင်ပေးသလို ဝတ်ရ ကိုင်ရ ပြောရ
နဲ့ ပွဲတတ်နေရတာပါသော်ကော်...။
ဟိုတစ်ယောက်ကို ကြိုပါတဲ့ ဆိုတဲ့ကလေးတွေ ကိုင်ထားတဲ့ စာတွေ က အား ပါးပါး ကောင်းလိုက်တဲ့
စာသားတွေ ... မဲဇာပို့ခံရတဲ့ ဒို့ရာဇဝင်ထဲက အမတ်ကြီးသာ တွေ့သွားလို့ကတော့ အဲဒီတော်ကီတွေ ပြန်
သင်ယူချင်စိတ်တောင် ပေါက်လာဖို့ကောင်းတယ်...။ ကလေးတွေကိုပါ အရောင်ဆိုးတဲ့ လူများက ထပ်
အော်သေးတယ်...ပညာရေးမကောင်းဘူးတဲ့...။
ဗူးတောင်းတွေ ရေပေါ်ထပ်ပေါ်ပြန်တယ်...။


 
ဘုန်းဘုန်းတွေ...
အထူးသဖြင့် ဟိုရွှေမြို့တော်က ဘုန်းဘုန်းတွေ...။(အကုန်မဆိုလိုပေါင်ဗျာ)
ပါးမှာ စတေကာနဲ့ ...NBA မှာကစားမလို့ ဘတ်စကတ်ဘောသမားတွေကို အားကျလို့လား မသိ...။
ခေါင်းပတ်အနီကြီးတွေနဲ့ ...ဆိုင်ကယ်ကိုယ်တိုင်မောင်း...၃ ယောက်စီး(အမှန်က ၃ ပါးလို့ရေးရမှာ..ရေး
ရမှာ မထိုက်တန်လို့ ကို မရေးတာ ) ...ပွဲဆို ထိပ်ဆုံးက ...။
ဒို့ အမေ ဆိုပြီး ဆိုင်းဘုတ်နဲ့ ထအော်သေးတယ်...အိမ်က မယ်တော် အရင်းကတော့ ငါ့သား ဦးဇင်းလေး
ဟဲ့...ဟိုကျောင်းမှာပေါ့..ဆွမ်း ကွမ်း ပြည့်စုံတဲ့ဟဲ့..နဲ့..အတွေးတွေ ရင်မှာပိုက် ပီတိတွေဖြာလို့...။
သားဦးဇင်းက နိုင်ငံခြားသားနဲ့ရတဲ့ တစ်ယောက်ကိုမှ အမေခေါ်လို့ ...အော်..ကောင်းလေစွ...။



ရွှေတိဂုံကုန်းတော်ပေါ်က ရွှေဝါရောင်ဖွေးဖွေးနဲ့ ကိုယ်တော်တွေကျတော့ ဓါတ်ပုံရိုက်ရမှန်း မသိ...အအေး
လေးများ ကပ်ရကောင်းမှန်းမသိ...။ညနေဘက် ဘောလုံးကန်...ဘောပွဲလောင်း..ချဲတွက်...ဘောပွဲဒိုင်
ကိုင်...+18 အပြာကားကြည့်.(ဥပမာ.၇ အိမ်တန်းနားမှာ..ကျန်တာတွေတော့ ရွှေမန်းသားတွေ ပိုသိပေါ့)
..ပါးစတေကာကပ် ဒို့အမေအော်နေတဲ့ ဘုန်းဘုန်းများကျတော့ ဦးဇင်း ကွမ်း
ပါရင် တစ်ယာပေးအုံးဗျ ဆိုပြီး အတိုင်အဖောက်ညီညီ..ဓါတ်ပုံတွေရိုက်...အော်..သူတို့လည်း...ဒိမိုကရေ
စီအားပေးသူတွေဖြစ်လို့..သာသာနာ့ သူရဲကောင်းတွေ ဖြစ်လို့....။
ဗူးတောင်းတစ်လုံး ရေပေါ်ထပ် ပေါ်ပြန်လာတယ်...။





ပြောလို့ကို  ဆုံးမှာ မဟုတ်တော့ဘူး...။
တကမ္ဘာလုံး သိပြီး နာမည်ကြီးနေတဲ့ စကားတစ်ခွန်း ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲ...။
အင်း...အဲဒီစကားရပ်ကို မှီးလို့ ဒီမိုလုပ်စားများက အော်ကြပြန်တယ်...။ သူသာလျှင် ဒုတိယ ဘုရားသခင်
တဲ့...။ အေးလေ..သူ အထဲမှာ ရှိနေတုန်းက အဲဒါနဲ့ လုပ်စားလာတာကိုး...။ သူက ငွေထုပ်ကြီးလေ...။
သူကိုယ်တိုင်လည်း သိတယ်လေ...သူ ဟာငွေထုပ်ကြီးအဖြစ် အသုံးချခံနေရတာကို..။အဲဒါကြောင့် အရှက်
ပြေ လူသိရှင်ကြား အော်ခဲ့သေးတယ်လေ...။ အသုံးချခံနေရလည်း ကျေနပ်ပါတယ် ဆိုတာလေ...မှတ်မိ
ကြ အုံးမယ် ထင်ပါတယ်...။

အဲလို ဒုတိယ ဘုရားသခင်လို့ သတ်မှတ်တာကြောင့် ဘုရားနဲ့ တသားတည်းထားပြီး ခပ်တည်တည်နဲ့
ဤအိမ်သည် အမေစု ၏ မေတ္တာရိပ်အောက်တွင် ရှိပါသောကြောင့် ဆိုပြီး ခပ်တည်တည်နဲ့ ဂေါတမနေရာ
ဝင်ပလိုက်တာကို သူကိုယ်တိုင် ကျေနပ်

လို့ ဘာမှ မကန့်ကွက် ခဲ့တာပဲလေ...။


မြတ်စွာဘုရားကတော့ ငါပြောတာလည်း မယုံနဲ့...ဘယ်သူပြောတာမှ မယုံနဲ့...ကိုယ်တိုင်လေ့လာ စဉ်းစားပြီး
ယုံလို့ ဟောတယ်...အယ်..ဒီ ဒုတိယ ဘုရားမကြီးကတော့ လူနာ အမဲချောက်တောင်းသလို ကျမကိုပဲ မဲထဲ့ပါ
ကျမကိုပဲ မဲပေးပါ...ကျမကိုပဲ ယုံကြည်ပါ...ကျမတို့လုပ်တာကမှ အမှန် ဆိုတာကြီးပဲ စွတ်ဟောနေတော့
တာပဲ...။

အရင် ကာ/ချူပ် ကြီး ဦးသန်းရွှေ လက်ထက်က ကြက်ဆူ စိုက်တာ စုကြည် အတွက် ယတြာချေတာပါ ဆိုပြီး
အော်ကြသေးတာ ရှိပါတယ်...အမှန်ကတော့ ဦးသန်းရွှေကြီးက ဒေါ်စုကို ကောင်းစေချင်လို့ လုပ်ပေးသွားတာ
ပါ...သိတယ်မလား...အနှစ်မရှိတဲ့တော ကြက်ဆူ မင်းမူ...ဆိုတာလေ...
ဒေါ်စုကို အဲလိုဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ် ပေးသွားတာပါ...
အခုတော့လည်း ... ကြီးတော် ကိုယ်တိုင် ကြက်ဆူ တစ်ပင်ဖြစ်ရှာသကိုး...။
ဗူးတောင်းတွေ ရေပေါ်ထပ်ပေါ်လာပြန်ရော...။



ကြီးတော် ဘယ်သွားရမလဲ...
ကြီးတော် တပည့်တွေ သိပါတယ်...သိလွန်းလို့တောင် ဒီလိုလေး ဖားယားပြီး အကြောက်ပြေ အော်လိုက်ကြ
တယ်လေ...။
အမေစု ပါရင် ငရဲတောင် သွားရဲတယ် ..တဲ့...
အေးပေါ့...ငရဲမှာတော့ အမေစုလည်းအားကိုးမနေနဲ့..ငရဲမင်းကြီးကတော့ စင်ပေါ်တင်ပေးမှာ ဆုတော့
မပေးတတ်ဘူး..။ဘယ်နေရာမှာ ခံ..ဆိုတာပဲ ပြောတယ်...။
သူ့လူတွေတောင် သူသွားမယ့်နေရာ သိကုန်ပြီ...။







 ဘယ်နေရာ သွားတူတာလဲ 
အဖေက အင်္ဂလိပ်ကို မောင်းထုတ်တယ်...သမီးက မျိုးဆက်တောင် ပြန့်ပေးလိုက်တယ်
အဖေက ရပိုင်ခွင့်တွေ တောင်းဆိုတယ်...သမီးက ရပိုင်ခွင့်တွေ ပိတ်ဖို့ အော်တယ်
ကဲ..ဘယ်နေရာ သွားတူတာလဲ..
ဗူးတောင်းတွေ ရေပေါ်တတ် ကျောက်ဖျာတွေ ရေနစ်...ရွှေခွက်ကို ခွေး သေးနဲ့ ပန်းခိုင်းတဲ့....အိမ်မက်ရာဇဝင် ..... ဟုတ်ကဲ့....မြန်မာပြည်တွင် လုပ်ပါသည်။  

No comments:

Post a Comment