Friday, 9 March 2012

သမ္မတ


ဘ၀တွေကောင်းစားစေဖို့..
မာနတွေခ၀ါချလို့
အရှုံးအမြတ်မတွက်ဘဲ
အပြုံးမပြက်တဲ့အားအင်တွေနဲ့ပေါ့.....
ကိုယ့်နိုင်ငံကို့လူမျိုး
ကိုယ့်ဘာသာကိုယ့်သာသနာအတွက်
ကြိုးစားရှာပေတယ်...
ဒို့အဖေလို့ခေါ်ထိုက်တဲ့လူ


ချယ်ရီရိပ်ခိုစစ်တက္ကသိုလ်မှာ
တို့လူမျိုးအခေါ်(ကိုးန၀င်းကြေတဲ့)
9 Intake ကဆင်းတဲ့သူ
တာဝန်တွေအလီလီထမ်းရင်း
နိုင်ငံတော်အတွက်
ချွေးတွေသွေးတွေပေးဆပ်လို့
တိုက်ပွဲတွေအလီလီဆင်နွှဲခဲ့တဲ့လူ

ခုနှစ်၂၀၀၅မှာ
ဗိုလ်ချုပ်ကြီးဘ၀နဲ့..
နိုင်ငံတကာချစ်ကြည်ရေး
တည်ဆောက်ပေးခဲ့တဲ့လူ

ဧရာဝတီခေါ်
မြစ်ဝကျွန်းပေါ်တွင်လည်း
နာဂစ်မုန်တိုင်းနှောက်ယှက်စဉ်က
ဦးဆုံးရောက်ရှိ
ကယ်ဆယ်ခဲ့တဲ့လူ

တရားမျှတ
ဖြစ်လာတဲ့သမ္မတဘ၀မှာလည်း
ပြည်သူတွေကို
ရင်ဝယ်သားလိုစောက်ရှောက်လို့
လမ်းမှန်ရောက်အောင်ညွှန်ပြပေးနေသူ

ငြိမ်းချမ်းရေးအတွက်
တိုင်းပြည်မပျက်အောင်..
လက်နက်ကိုင်(၁၁)ဖွဲ့
ကမ်းလင့်လက်ကြို
နွေးထွေးစေတဲ့လူ

ပြည်သူတွေဆန္ဒ
ပြည့်ဝစေဖို့
မြစ်ဆုံအရေး
တွေးမကြောက်ဘဲ
ရဲရဲရင့်ရင့်ဆုံးဖြတ်ခဲ့တဲ့သူ

ပြည်သူကျိုးမျှော်
ရေနက်ဆိပ်ကမ်း
ထိုလုက်ငန်းအား
တိုးတက်စေဖို့သူအားထုတ်၏

ငါတို့နိုင်ငံ
တို့နိုင်ငံတွင်
လယ်မြေတွေလုပ်
ယာကိုခုတ်တဲ့
တောင်သူလယ်သမား
နိမ့်ကျမကျန်
ဖွံ့ဖြိုးစေရန်
လုက်ငန်း(၈)ရပ်
သူချမှတ်၏

ပြည်သူ့စီးပွား
တိုးတက်စေရေး
မှန်းမျှော်တွေးလို့
ပိတ်ဆို့စီးပွား
ဖြေလျော့စေဖို့
သူတောင်းဆို၏

တရားမျှတ
ဖြစ်စေဖို့ရန်
သူကြံရွယ်၍
NLD ခေါ်ထိုပါတီအား
သူပြိုင်ခိုင်း၏

မဖွံ့ဖြိုးသေးတဲ့တို့နိုင်ငံ
ဖွံ့ဖြိုးစေရန်သူရည်ရွယ်လို့
နည်းပညာအရေး
တိုင်းတပါးသို့သွား
သူစွမ်းဆောင်၏

လက်ရုံးရည်နှလုံးရည်နဲ့
စွမ်းရည်သုံးရပ်
ပြည်စုံလှတဲ့
ထိုကဲ့သို့လူ
သူလိုလူကား
ငါတို့သမ္မတ
ဒို့သမ္မတတဲ့...
ဂုဏ်ယူဝမ်းမြောက်
လက်ခမောင်းခတ်လိုက်ကြစို့သူငယ်ချင်း..
ဂုဏ်ယူလိုက်ကြစို့သူငယ်ချင်း....။     (From; သောကြာကြယ်)

No comments:

Post a Comment