Wednesday, 22 August 2012

ငပိန်းများသို့ပေးစာ

တော်တော်ရီရတယ်ဗျာ ဒီပို့စ်ကို ကျွန်တော် facebook မှာ တွေ့လိုက်လို့ပါ။အော် လူတွေများတော်တော်ခက်တယ်ဗျ  ဘာလဲ စစ်သားဆိုတော့ iPad မကိုင်ရတော့ဘူးလား  အဲလိုအော်အော်နေတဲ့ လူတွေပဲ လူအခွင့်အရေးဆိုတာကို အော်နေကြပြန်ပါလေရော။ သူ့ Wall ကို သွားကြည့်တော့လည်း သူ့ အမေ ဒေါ်ညုပုံတွေတော့ တင်ထားပါလေရဲ့ဗျာ။
ကျွန်တော် အဓိကပြောချင်တာက ဒါမဟုတ်ပါဘူး ။စစ်ဗိုလ် တစ်ယောက် အရာရှိတစ်ယောက်ဟာ သူရတဲ့လစာနဲ့   iPad တစ်လုံးကတော့ဝယ်နိုင်ပါရဲ့ဗျာ။ တင်ထားတဲ့ အပွင့်ကိုလည်းကြည့်ကြပါဦး
ရွှေကြယ်သုံးပွင့်ပါ။ လမ်းဘေးက ကလေကချေ မိဘလုက်စာထိုင်စားနေတဲ့ လူတွေတောင် ကိုင်နိုင်သေးတာဗျာ နိုင်ငံတော်က တရားဝင်ခန့်အပ်ထားတဲ့ ပြန်တမ်းဝင်အရာရှိပါ။မ၀ယ်နိုင်စရာ အကြောင်းတစ်စုံတစ်ရာမှမရှိပါဘူး။ ကျွန်တော်တို့ယေဘူယျကျကျပဲစဉ်းစားကြည့်ကြပါဆို့.။
ဗိုလ်ကြီး အဆင့် အရာရှိတစ်ယောက် လစာ ဘယ်လောက်ရသလဲဆိုတာကို အရင်စဉ်စားကြပါဆို့ဗျာ။
ဗိုလ်ကြီး အဆင့်ဆို ၁၈၅၀၀၀% ကျပ်တိတိရပါတယ်။ လေ့လာကြည့်ပါ  မေးမြန်းစူးစမ်းကြည့်ရင် သိနိုင်ပါတယ်။ကဲ အလိုလစာနဲ့ (၃ ) ( ၄) လလောက်သာစုခဲ့မယ်ဆိုရင် မြန်မာပြည်မှာ  iPad  တစ်လုံးတော့
ကောင်းကောင်းဝယ်နိုင်ပါတယ်။ကျွန်တော် ဘယ်သူ့ဘက်ကမှ ပြောတာမဟုတ်ပါဘူး တွေးကြည့်ရုံနဲ့
သိနိုင်တဲ့ အဖြစ်ကိုတောင် တစ်ချို့ တစ်ချို့ သော စစ်တပ် မကောင်းမြင်ဝါဒ သမားများရဲ့ လုက်ရပ်ဟာ
အတော်ကြီးကို ရီစရာကောင်းနေလို့ပါ။

ဘာရယ်မဟုတ်ပါဘူးတွေးမိမြင်မိတာလေးပါ။

No comments:

Post a Comment